ဒုတိယလှိုင်း မီချီဂန် – အစောပိုင်းပညာရေးအရေးပါမှု Battle Creek ၏ မူကြိုအဆင့် အသင့်ဖြစ်မှုအတွက် မြှင့်တင်ရေးကြိုးပမ်းမှုသည် မီချီဂန်ပြည်နယ်အတွက် စံနမူနာတစ်ခု ဖြစ်လာနေသည်။

သူငယ်တန်းမတက်မီ အဆင်သင့်ဖြစ်စေရန် တည်ဆောက်ခြင်းBCPS ခေါင်းဆောင်များက မူကြိုနှင့် မူလတန်းကျောင်းအကြား ဆက်လက်ချိတ် ဆက်မှုရှိနေခြင်းသည် မိသားစုများနှင့် ဆက်ဆံရေးကို ခိုင်မာစေပြီး မူကြိုကျောင်းသို့ ပိုမိုချောမွေ့စွာ ကူးပြောင်းနိုင်စေခဲ့ကြောင်းပြောကြား သည်။

Battle Creek Public Schools Fremont International Academy

Read this story in English here.

မကြာသေးမီနှစ်များအတွင်း Battle Creek အများပြည်သူကျောင်းများ (BCPS) သည် မူကြိုဝင်ရောက်မည့် ကလေးများ၏ ကျောင်းတက်ရန် အဆင်သင့်ဖြစ်မှုနှုန်း သိသာထင်ရှားစွာ တိုးတက်မှုများ ရရှိခဲ့ကြောင်း အစီရင်ခံထားပြီး ခရိုင်ခေါင်းဆောင်များနှင့်ရပ်ရွာမိတ်ဖက်အဖွဲ့အစည်းများက ကလေးများအစောပိုင်း ပညာရေး၊ မိသားစုပါဝင်ပတ်သက်မှုနှင့် မူကြိုသို့ ကူးပြောင်းဝင်ရောက်ရာတွင်ပံ့ပိုးမှုအတွက် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့လုပ် ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဤလုပ်ဆောင်ချက်များသည်မီချီဂန်တစ်သက်တာပညာရေးတိုးတက်မှုနှင့် အလားအလာဌာန(MiLEAP)၏ အစီရင်ခံစာတွင် ဖော်ပြထားသော တွေ့ရှိချက်များနှင့်လည်း ကိုက်ညီနေသည်။ ယင်းအစီရင်ခံစာတွင် မိသားစုများပါဝင်ပတ်သက်ခြင်း၊ မူကြိုအစီအစဉ်များနှင့်မူလတန်းကျောင်း များ အချင်းချင်းညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ပညာပေးသူများသည် စဉ်ဆက် မပြတ်ဆက်သွယ်မှုကို ထိန်းသိမ်းခြင်းတို့ပြုလုပ်သည့်အခါ မူကြိုသို့ဝင် ရောက်သော ကျောင်းသားများသည် ပိုမိုအားကောင်းသော ပညာရေးနှင့် လူမှုရေးနှင့် စိတ်ခံစားမှုဆိုင်ရာ ရလဒ်များကို ခံစားရကြောင်း တွေ့ရှိခဲ့သည်။

Battle Creek တွင် ခရိုင်ခေါင်းဆောင်များက မူကြိုအဆင်သင့်ပြင်ဆင်မှုကို ကျောင်းစတက်သည့် ပထမနေ့မှ စတင်သော အရာတစ်ခုအဖြစ် မမြင်ဘဲ၊ ကလေးမွေးဖွားချိန်မှစ၍စတင်သည့် ရေရှည်ရပ်ရွာရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ရှုမြင်ကြသည်။ ၄င်းတွင် မူကြိုပညာရေးရရှိနိုင်မှု၊ နွေရာသီအကူး အပြောင်းအစီအစဉ်များ (Summer Bridge Programs)၊ ဘာသာစကား

နှစ်မျိုး သင်ကြားပံ့ပိုးမှုများ (Dual Language Supports) နှင့် မြို့တွင်း အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်သည်။

ခရိုင်အချက်အလက်များနှင့် အစောပိုင်းကလေးဘဝရလဒ်များကို အားကောင်းစေရန် အာရုံစိုက်သည့် Calhoun ကောင်တီ၏ အစောပိုင်း ကလေးဘဝပညာရေးစုစည်းမှု၏ အဓိကထောက်ခံသူ W.K. Kellogg Foundation မှ တာဝန်ပေးအပ်ထားသော သီးခြားအကဲဖြတ်လေ့လာမှု တစ်ရပ်အရ Battle Creek အများပြည်သူကျောင်းများတွင် တက်ရောက် နေသော ကလေးများအတွက် သူငယ်တန်းအတွက်အဆင်သင့်ဖြစ်မှုနှုန်းသည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ၁၅% ခန့်မှ ၅၅% နီးပါးအထိ ရာခိုင်နှုန်းအမှတ် ၄၀ နီးပါး မြင့်တက်လာခဲ့သည်။

“Battle Creek တွင် တိုးတက်မှုများ ဖြစ်ပေါ်လာနိုင်ခဲ့ခြင်း၏ အဓိက

အကြောင်းရင်းမှာ အစောပိုင်းရင်းနှီးမြှုပ်နှံလိုစိတ်ရှိခြင်းနှင့် ထိုကြိုးပမ်း အားထုတ်မှုများကို ဌာနများနှင့် အတန်းအဆင့်များအကြားညှိနှိုင်းပေါင်းစပ် ခြင်းဖြင့် အစောပိုင်းကလေးဘဝသင်ယူမှုကို သီးခြားအစီအစဉ်တစ်ခုထက် မဟာဗျူဟာကျသော ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ဆောင် ရွက်ခဲ့ခြင်းကြောင့် ဖြစ်သည်” ဟု အစောပိုင်းကလေးဘဝပညာရေး

ဒါရိုက်တာနှင့် BCPS ရှိ Dudley အစောပိုင်းသင်ယူရေးစင်တာ၏ ဒါရိုက်တာ Tricha Grajek က ပြောကြားခဲ့သည်။

Grajek က Battle Creek နှင့် အိမ်နီးချင်းခရိုင်များအကြား အဓိကကွာခြား ချက်တစ်ခုမှာ BCPS သည် မူကြိုပညာရေးအစီအစဉ်များကို ပြင်ပအဖွဲ့ အစည်းများထံ လွှဲပြောင်းမပေးဘဲ ကျောင်းခရိုင်အတွင်း၌ပင် ကိုယ်တိုင်စီမံ ခန့်ခွဲလုပ်ဆောင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“Battle Creek Public Schools သည် မူကြိုပညာရေးအစီအစဉ်များကို ကျောင်းခရိုင်အတွင်း၌ပင် စီမံခန့်ခွဲထားသောကြောင့် ကျွန်မတို့ရဲ့ ဆရာ/မများသည် လစာပိုမိုကောင်းမွန်စွာ ရရှိကြသည်။ ၎င်းတို့သည် အလုပ်သမားသမဂ္ဂ (Union) ၏ အဖွဲ့ဝင်များဖြစ်ပြီး အကျိုးခံစားခွင့် များလည်း ပိုမိုကောင်းမွန်ကြသည်။ ထို့အပြင် ဤအစီအစဉ်အပေါ် ပိုမိုတာဝန်ယူစိတ်နှင့် သစ္စာရှိစိတ် ရှိလာစေသည်” ဟု သူမက ပြောကြား ခဲ့သည်။

BCPS သည် အိမ်နီးချင်းခရိုင်အချို့နှင့် ကွာခြားသည့်အချက်မှာ မူကြို ပညာရေးအစီအစဉ်များကို ပြင်ပဝန်ဆောင်မှုပေးသူများထံ တစ်စိတ်တစ်ပိုင်း လွှဲအပ်ခြင်းမပြုဘဲ၊ ကျောင်းခရိုင်ကိုယ်တိုင် တိုက်ရိုက် စီမံခန့်ခွဲလုပ်ဆောင် နေခြင်းဖြစ်သည် ဟု Grajek က ပြောသည်။

သူငယ်တန်းမတက်မီ အဆင်သင့်ဖြစ်စေရန် တည်ဆောက်ခြင်းBCPS ခေါင်းဆောင်များက မူကြိုနှင့် မူလတန်းကျောင်းအကြား ဆက်လက်ချိတ် ဆက်မှုရှိနေခြင်းသည် မိသားစုများနှင့် ဆက်ဆံရေးကို ခိုင်မာစေပြီး မူကြိုကျောင်းသို့ ပိုမိုချောမွေ့စွာ ကူးပြောင်းနိုင်စေခဲ့ကြောင်းပြောကြား သည်။

ထိုအသွင်ကူးပြောင်းရေးလုပ်ငန်းကို အထင်ရှားဆုံး မြင်တွေ့နိုင်သည့် အစီအစဉ်မှာ ခရိုင်၏ မူကြိုအောင်မြင်မှုအစီအစဉ်(KSP) ဖြစ်သည်။ ၎င်းသည် မူကြိုနှင့် သူငယ်တန်းအကြားရှိ ကွာဟချက်ကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားသော အခမဲ့ နွေရာသီအဆင်သင့်ပြင်ဆင်ရေး အစီအစဉ်တစ်ခုဖြစ်သည်။

ဤအစီအစဉ်သည်စာရေးစာဖတ်စွမ်းရည်၊ သင်္ချာ၊လူမှုရေးနှင့် စိတ်ခံစားမှု ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊စာသင်ခန်းလုပ်ရိုးလုပ်စဉ်များနှင့် မိသားစုများ၏ ပူးပေါင်းပါဝင်မှုတို့ကို အဓိကအာရုံစိုက် သင်ကြားပေးသည်။ ကျောင်းသား များသည် ကစားခြင်းအခြေပြု သင်ယူမှုမှတစ်ဆင့် သင်ယူကြပြီး၊ သူငယ် တန်း၏ ပထမဆုံးကျောင်းတက်ရက် မတိုင်မီကတည်းက စာသင်ခန်း၏ စည်းမျဉ်းစည်းကမ်းများ၊ မျှော်လင့်ချက်များနှင့် ကျောင်းယဉ်ကျေးမှုများကို ရင်းနှီးကျွမ်းဝင်လာစေသော သင်ယူမှုတို့ ပါဝင်ကြသည်။

“သင်ယူမှု နောက်ကျကျန်ရစ်မှုဟာ ပြဿနာတစ်ခုဖြစ်ကြောင်း ကျွန်မတို့ သိပါတယ်” ဟု Grajek က ပြောသည်။ “KSP အစီအစဉ်ဟာ မူကြိုကျောင်း သားတွေ နွေရာသီကာလအတွင်း သင်ယူမှု နောက်ကျမကျန်ရစ်စေဖို့သာမက သူငယ်တန်းသို့ တက်ရောက်ရာမှာ ပိုမိုလွယ်ကူပြီး ချောမွေ့တဲ့ အကူး အပြောင်း ဖြစ်စေဖို့ ရည်ရွယ်ထားခြင်းဖြစ်ပါတယ်” ဟုလည်း သူမက ဆက်လက်ရှင်းပြသည်။

BCPS ၏ အဆိုအရ KSP အစီအစဉ်သည် ရပ်ရွာအတွင်းရှိ ကလေးများ၏ သူငယ်တန်းအတွက် အဆင်သင့်ဖြစ်မှုကို ၃၀၀% အထိ တိုးမြှင့်ရန် ကူညီပေးခဲ့သည်။

ခရိုင်ပညာရေးဌာနသည် ကလေးဘဝအစောပိုင်း သင်ယူရေးများကို တိုးချဲ့ပေးနိုင်ရန် Dudley အစောပိုင်းသင်ယူရေးစင်တာကိုလည်း ဖွံ့ဖြိုး တိုးချဲ့ခဲ့သည်။ ယခုအခါ စင်တာသည် အသက် ၆ ပတ်အရွယ် ကလေးငယ် များမှ စတင်၍ မူကြိုအရွယ် ကလေးများအထိ ဝန်ဆောင်မှုပေးလျက် ရှိသည်။ Grajek ၏ ပြောကြားချက်အရ ယခုကဲ့သို့ တိုးချဲ့ဆောင်ရွက်ခြင်းမှာ ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ကျောင်းတက်ရန် အဆင်သင့်ဖြစ်မှု သည် သူငယ်တန်းစာရင်းသွင်းမှုမတိုင်မီ ကြာမြင့်စွာကတည်းက စတင် ကြောင်းကို ပိုမိုအသိအမှတ်ပြုမှုကို ထင်ဟပ်စေကြောင်း သိရသည်။

“ဦးနှောက်ဖွံ့ဖြိုးမှုရဲ့ ၉၀% ဟာ အသက်ငါးနှစ်မတိုင်ခင်မှာ ဖြစ်ပေါ်တယ် ဆိုတာ ကျွန်မတို့သိပါတယ်” လို့ သူမက ပြောပါတယ်။ “ဒါကြောင့် ကလေးတွေ အသက် ၅ နှစ်ရောက်မှ စတင်ပြီး ပညာရေးပိုင်းမှာ ကူညီပံ့ပိုးဖို့ ကြိုးစားတာဟာ နောက်ကျလွန်းပါတယ်” ဟုလည်း ဆိုသည်။

မီချီဂန်ရဲ့ ပိုမိုကျယ်ပြန့်လာတဲ့ ကလေးဘဝအစောပိုင်း ပညာရေးစနစ် ကလည်း အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့တယ်။

ပြည်နယ်၏ အစပြုရန်အဆင်သင့်ဖြစ်မှုအစီအစဉ် ကောင်း(GSRP)သည် မီချီဂန်ပြည်နယ်က ကလေးတိုင်းအတွက် အခမဲ့မူကြိုပညာရရှိနိုင်ရေးဆီသို့ ဦးတည်နေသည့်အချိန်တွင် မကြာသေးမီနှစ်များအတွင်း သိသိသာသာ တိုးချဲ့လာခဲ့သည်။

ပြည်နယ်တာဝန်ရှိသူများ၏ အဆိုအရ GSRP သည် အမေရိကန်နိုင်ငံတွင် အဆင့်သတ်မှတ်ချက်အမြင့်ဆုံး ပြည်နယ်မူကြိုပညာရေးအစီအစဉ်အဖြစ် သတ်မှတ်ခံထားရပါသည်။

HighScope ပညာရေးသုတေသနဖောင်ဒေးရှင်းမှ သုတေသနပြုချက်အရ GSRP တွင် ပါဝင်သော ကလေးများသည် ရေရှည်အကျိုးသက်ရောက် မှုရှိသော ပညာရေးတိုးတက်မှုများကို ပြသကြပြီး၊ မူကြိုပြီးနောက် နှစ်များ အထိ စာဖတ်နှင့်စာရေးခြင်းဆိုင်ရာ တိုးတက်မှုများလည်း ပိုမိုကောင်းမွန် လာကြောင်း တွေ့ရှိထားသည်။

Battle Creek တွင်လည်း ထိုရင်းနှီးမြှုပ်နှံမှုများကြောင့် မူကြိုဝင်ခွင့်ထက် ကျော်လွန်၍ တိုင်းတာနိုင်သော ရလဒ်များကို ဖြစ်ပေါ်စေသည်ဟုတွေ့ရ သည်။

Second Wave မှ ထောက်ပြထားသော အကဲဖြတ်လေ့လာမှုတစ်ခုအရ GSRP တွင် ပါဝင်သော BCPS ကျောင်းသားများသည် မူကြိုမတက်သော ရွယ်တူချင်းများနှင့် နှိုင်းယှဉ်ပါက တတိယတန်းတွင် စာဖတ်ခြင်းနှင့် သင်္ချာတို့တွင် ပိုမိုမြင့်မားသော ရမှတ်များ ရရှိကြောင်း တွေ့ရှိခဲ့သည်။

ဘာသာစကားမျိုးစုံပြောသောမိသားစုများကိုပံ့ပိုးကူညီခြင်း

Battle Creek ၏ ကလေးဘဝအစောပိုင်း ပညာရေးမဟာဗျူဟာတွင် လူမှုအဖွဲ့အစည်းများသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင် လာကြသည်။

ဥပမာတစ်ခုအနေဖြင့် Catching the Dream ဟုခေါ်သောမြန်မာဘာသာ စကား၊နှစ်ဘာသာပါသင်ကြားပေးသည့်မူကြိုအစီအစဉ်သည် မြို့နယ်အတွင်း ရှိ ဘာသာစကားမျိုးစုံပြောသော မိသားစုများကို ဝန်ဆောင်မှုပေးလျက် ရှိသည်။

အမေရိကန်ကျောင်းများသို့ ဝင်ရောက်လာသော မြန်မာကျောင်းသားများ အတွက် ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ အခက်အခဲများကြောင့် သူငယ်တန်းသို့ အကူးအပြောင်းသည် အထူးခက်ခဲနိုင်ကြောင်း မူကြို၏ အမှုဆောင်ဒါရိုက်တာ Lashi Mai က ပြောကြားခဲ့သည်။

“ဘာသာစကားနှစ်မျိုး ပံ့ပိုးမှုမရှိပါက ကလေးများအတွက် သူငယ်တန်း စတင်သောအခါတွင် ဘာသာစကားအတားအဆီးကြီးမားတာကြောင့် အရမ်းခက်ခဲပါတယ်” ဟု Mai က ပြောသည်။ “Catching the Dream သည် မိသားစုနှင့် ကျောင်းကြား တံတားတစ်စင်းအဖြစ် ကူညီပေးရန် ရှိနေပါသည်။”

မူကြိုကျောင်းရှိ ဆရာ/မများသည် ကလေးများအား သူငယ်တန်းမတက်မီ စည်းကမ်းများ၊ အချိန်ဇယားများနှင့် လူမှုရေးစံနှုန်းများကို နားလည်စေရန် မြန်မာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးလုံးဖြင့် သင်ကြားပေးကြသည်။

“သူတို့ ကျောင်းလာတဲ့အခါ ဆရာ/မ တွေက သူတို့ရဲ့ မိခင်ဘာသာစကားကို အသုံးပြုတာကြောင့် သူတို့မှာ ယုံကြည်မှုရှိလာပါတယ်” ဟု Mai က ပြောသည်။

ထိုအစီအစဉ်သည် အမေရိကန်ကျောင်းစနစ်၏ လုပ်ဆောင်ပုံကို မသိသေး သော မိသားစုများနှင့်လည်း နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်နေသည်။

Mai ၏ ပြောကြားချက်အရ မူကြိုကျောင်းသည် လစဉ် မိသားစုမနက်စာ အစီအစဉ်များ၊ မိဘပညာပေးသင်တန်းများ၊ အင်္ဂလိပ်ဘာသာဒုတိယ ဘာသာသင်တန်းများ (ESL) နှင့် မိဘတစ်ဦးချင်းအတွက် လမ်းညွှန်သင် ကြားမှုများကိုလည်း ပြုလုပ်ပေးသည်။

“ကျွန်မတို့က မိသားစုတွေကို အမေရိကန်ကျောင်းယဉ်ကျေးမှုကို နားလည်အောင် ကူညီပေးပါတယ်” ဟု သူမက ဆိုသည်။ “မြန်မာနိုင်ငံမှာတော့ ကျောင်းဆိုတာ အများအားဖြင့် ပညာရေးရလဒ်ကိုပဲ အာရုံစိုက်ပါတယ်။ ဒါပေမယ့် ဒီမှာတော့ ကလေးတွေမှာ လူမှုရေး၊ စိတ်ခံစားမှုဆိုင်ရာ နှင့် ဆက်သွယ်ရေးစွမ်းရည်တွေပါ လိုအပ်တယ်ဆိုတာကို ကျွန်မတို့ မိသားစုတွေကို နားလည်အောင် ပြောပြပေးပါတယ်”

အဆိုပါအစီအစဉ်တွင် ပါဝင်သော ကျောင်းသားများသည် သူငယ်တန်းသို့ ဝင်ရောက်သည့်အခါ ယုံကြည်မှုနှင့် ဆက်သွယ်ပြောဆိုနိုင်စွမ်း ပိုမိုကောင်း မွန်လာကြောင်းလည်း သူမက ဆိုသည်။

“ကျွန်မတို့တွေ့ရတာကတော့ ယုံကြည်မှုပါပဲ” ဟု Mai က ပြောသည်။ “သူတို့ ကျောင်းသွားတဲ့အခါ အတန်းထဲမှာ ဘာတွေဖြစ်မလဲဆိုတာကို မတိုင်ခင် ကတည်းက သိထားပြီးဖြစ်လို့ ယုံကြည်မှုရှိရှိနဲ့ သွားနိုင်ကြပါတယ်” ဟု သူမက ဆိုသည်။

ရပ်ရွာတစ်ခုလုံးပါဝင်သည့်ရင်းနှီးမြှုပ်နှံမှု

ထိုယုံကြည်မှုသည် ကျောင်းသားများအဆင်သင့်ဖြစ်မှုကို ပြသသည့် အထင်ရှားဆုံး လက္ခဏာတစ်ခုအဖြစ် ပညာရေးဝန်ထမ်းများက ဆိုကြသည်။

Grajek က Battle Creek မြို့၏ ကလေးများ သူငယ်တန်းစတင်တက်ရန် အဆင်သင့်ဖြစ်မှုကို သတ်မှတ်သည့် အဓိပ္ပါယ်မှာ အချိန်ကြာလာသည် နှင့်အမျှ ပြောင်းလဲလာခဲ့ကြောင်း ပြောသည်။ ယခင်က စာဖတ်ခြင်းနှင့် သင်္ချာကိုသာ အဓိကထားခဲ့သော်လည်း ယခုအခါ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်

ခြင်း၊ ဆက်သွယ်ပြောဆိုနိုင်ခြင်း၊ ကိုယ်တိုင်လုပ်ဆောင်နိုင်မှုနှင့် စာသင်ခန်း အတွင်း လူမှုအသိုင်းအဝိုင်းနှင့် ကိုက်ညီစွာ နေထိုင်နိုင်စွမ်းတို့ကိုလည်း ထည့်သွင်းထားသည်။

“ကျွန်မတို့ သိလာတာက အဆင်သင့်ဖြစ်မှုဆိုတာ ကလေးတစ်ကိုယ်လုံးကို မျှတစွာ ဖွံ့ဖြိုးစေခြင်းပဲဖြစ်တယ်” ဟု သူမက ဆိုသည်။

ခရိုင်ခေါင်းဆောင်များကတော့ ဒီလုပ်ငန်းစဉ်ဟာ ဆက်လက်လုပ်ဆောင် နေဆဲဖြစ်ကြောင်း ပြောကြသည်။

BCPS သည် ကျောင်းသားများအတွက် အလိုအပ်ဆုံး ပံ့ပိုးမှုများနှင့် ကျောင်းများသည် မည်သို့ဆက်လက်တိုးတက်အောင် လုပ်ဆောင်နိုင် သည်နှင့်ပတ်သက်၍ မိသားစုများထံမှ တုံ့ပြန်ချက်များကို စုဆောင်းရန် လက်ရှိတွင် ရပ်ကွက်များတစ်လျှောက် ရပ်ရွာနားထောင်ခြင်းခရီးစဉ်များကို ပြုလုပ်နေပါသည်။

“ကျွန်မတို့မှာ ဘွဲ့ဒီဂရီတွေ၊ အတွေ့အကြုံတွေရှိလို့ဆိုပြီး ကျွန်မတို့လုပ် နေတာတွေကို အကုန်မှန်တယ်လို့ မယူဆပါဘူး” ဟု Grajek က ပြောသည်။ “ကျွန်မတို့ဟာ ဆက်ဆံရေးတွေတည်ဆောက်ရမယ်၊ အမြဲတမ်း နားထောင် လေ့လာနေတဲ့ စိတ်ထားရှိရမယ်။ အားလုံးကို အမြဲမှန်ကန်အောင် မလုပ်နိုင် ပေမယ့် အမြဲတမ်း ရောက်လာပြီး ပိုကောင်းအောင် ကြိုးစားသွားမှာပါ”

English to Burmese translation by The Burma Center.

Photos by John Grap.

ဤစီးရီးသည် ကလေးသူငယ်များအတွက် အစောပိုင်းပညာရေးဆိုင်ရာ အခွင့်အလမ်းများကို ပိုမိုဖန်တီးရန်  မစ်ရှီဂန်အတွင်း နေထိုင်သူများမှ အတူတကွလက်တွဲ လုပ်ဆောင်နေကြပုံကို မျှဝေပေးထားပါသည်။ ဤ  အစီအစဉ်အား   W.K. Kellogg Foundation     မှ ထောက်ပံ့ပေးသော ရန်ပုံငွေအားဖြင့် ဆောင်ရွက်နိုင်ခြင်း  ဖြစ်ပါသည် ။   

Our Partners

Disability Advocates of Kent County logo
Kids Food Basket
The Right Place
Grand Rapids Public Museum

Don't miss out!

Everything Grand Rapids, in your inbox every week.

Close the CTA

Already a subscriber? Enter your email to hide this popup in the future.