Rx Kids အစီအစဉ်ကိုမီချီဂန်ပြည်နယ်ရှိလူမှုအသိုင်းအဝိုင်းပေါင်း၆၀သို့တိုးချဲ့ခြင်းကမိသားစုများ၏ငွေကြေးအခက်အခဲကိုလျှော့ချပေးပြီးပိုမိုကျန်းမာသောကလေးငယ်များမွေးဖွားလာစေရန်အထောက်အကူပြုပါသည်။
အနှစ်ချုပ်-မီချီဂန်ပြည်နယ်၏ဤအစီအစဉ်သည်နိုင်ငံအတွင်းအနာဂါတ်ကိုယ်ဝန်ဆောင် မိဘများအတွက်သတ်မှတ်ချက်မရှိဘဲငွေသားထောက်ပံ့ပေးသည့်အကြီးမားဆုံးအစီအစဉ်ဖြစ်ပါသည်။

၂၀၂၄ တွင် Michigan launched Rx Kids in Flint ကို စတင်ခဲ့စဉ်က အယူအဆက ရိုးရှင်းပါတယ်-မိဘတွေကို ယုံကြည်ပေးဖို့ဘဲ ဖြစ်ပါသည်။
မိသားစုများကိုရှုပ်ထွေးစေသောလျှောက်လွှာလုပ်ငန်းစဉ်များ၊ဝင်ငွေသတ်မှတ်ချက်များ သို့မဟုတ် ငွေသုံးစွဲမှုဆိုင်ရာကန့်သတ်ချက်များကို လိုက်နာဆောင်ရွက်စရာ မလိုအပ်ဘဲ၊ နိုင်ငံတော်၏ ပထမဆုံးသောလူမှုအသိုင်းအဝိုင်းတစ်ခုလုံးအတွက် ကိုယ်ဝန်ဆောင်နှင့် မွေးကင်းစကလေးငယ်များ အတွက် ငွေသားထောက်ပံ့ပေးသည့်အစီအစဉ်သည်အရည်အချင်းပြည့်မီသော မိသားစုများကို ကိုယ်ဝန်ဆောင်ကာလအတွင်း ဒေါ်လာ၁,၅၀၀နှင့်ကလေးအသက်ပထမ၁နှစ်တာကာလအတွင်းလစဉ် ဒေါ်လာ ၅၀၀စီထောက်ပံ့ပေးပါသည်။ထို့ကြောင့်မိဘများအနေဖြင့်မိသားစုအတွက်အလို အပ်ဆုံးအရာကိုကိုယ်တိုင်ဆုံးဖြတ်ခွင့်ရနိုင်ပါတယ်။

၂နှစ်အကြာတွင်အဆိုပါအစီအစဉ်သည်မြို့တစ်မြို့တည်းမှမီချီဂန်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်း ပေါင်း၆၀ကျော်အထိကျယ်ပြန့်လာခဲ့ပြီး၊နိုင်ငံအတွင်းရှိမိဘဖြစ်လာမည့်သူများအတွက်သတ်မှတ်ချက်မရှိဘဲငွေသားထောက်ပံ့ပေးသည့်အကြီးမားဆုံးအစီအစဉ် ဖြစ်လာခဲ့ပါသည်။
ယခုအခါတိုးပွားလာနေသောသုတေသနအထောက်အထားများအရဤရင်းနှီးမြှုပ်နှံမှုသည်ငွေကြေးဆိုင်ရာဖိစီးမှုကိုလျှော့ချပေးရုံသာမက၊အခြားသောအကျိုးကျေးဇူးများစွာရရှိစေသည်ဟုဖော်ပြနေပါသည်။
မကြာသေးမီကပြုလုပ်ခဲ့သည့်လေ့လာမှုတစ်ရပ်အရFlintမြို့၏RxKidsအစီအစဉ်သည် လမစေ့ဘဲ မွေးဖွားမှုများ၊ ကိုယ်အလေးချိန်နည်းသော မွေးကင်းစကလေးများ၊ မွေးကင်းစကလေး အထူးကြပ်မတ် ကုသဆောင် (NICU) တက်ရောက်ရမှုများနှင့် ကိုယ်ဝန်ဆောင်စဉ်ဆေးလိပ်သောက်သုံးမှုများကို သိသိသာသာလျော့ချပေးနိုင်ခဲ့ကြောင်းနှင့်တစ်ချိန်တည်းမှာပင်လုံလောက်သင့်တင့်သောကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှုရရှိခြင်းကိုတိုးမြှင့်ပေးခဲ့သည်ဟုတွေ့ရှိခဲ့ပါသည်။
ကလေးအထူးကုဆရာဝန်၊မီချီဂန်ပြည်နယ်တက္ကသိုလ် (Michigan State University) College of Human Medicine ၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာ တွဲဖက်ဌာနမှူးနှင့် Rx Kids အစီအစဉ်၏ ဒါရိုက်တာဖြစ်သူ ဒေါက်တာ Mona Hanna အတွက်တော့ ထိုတွေ့ရှိချက်များသည်အစီအစဉ်ကို စတင်တည်ထောင်ခဲ့ချိန်မှစ၍လမ်းညွှန်ပေးလာခဲ့သည့်အတွေးအခေါ်ကိုပိုမိုခိုင်မာစေပါသည်။
“RxKidsကိုအစကတည်းကရိုးရှင်းအောင်ဖန်တီးခဲ့တာကအတိုင်းအတာကြီးမားလာတဲ့အခါလည်းလွယ်လွယ်ကူကူတိုးချဲ့အသုံးပြုနိုင်အောင်ဖြစ်ပါတယ်။”“ဒီကာလအတွင်းမှာလူတွေဟာဆင်းရဲနေကြပါတယ်။ သူတို့ကိုကူညီပံ့ပိုးဖို့ရှုပ်ထွေးတဲ့ဗျူရိုကရေစီဆန်တဲ့၊သူတို့အပေါ် အထက်စီးကနေ ဆုံးဖြတ်ပေးတဲ့ နည်းလမ်းတွေ မလိုအပ်ပါဘူး။သူတို့လိုအပ်တာကဆင်းရဲဒုက္ခကနေလွတ်မြောက်စေဖို့ဘဲဖြစ်ပါ တယ်။” ဟု Hanna က ပြောသည်။

ဆင်းရဲနွမ်းပါးမှုကိုပြည်သူ့ကျန်းမာရေးဆိုင်ရာပြဿနာတစ်ရပ်အဖြစ်ထည့်သွင်း ဖြေရှင်းခြင်း
ကိုယ်ဝန်ဆောင်ကာလနှင့်ကလေးငယ်၏ပထမဆုံးဘဝကာလတို့သည်မိသားစုတစ်စု၏ဘဝတွင်ငွေကြေးအရအထိခိုက်လွယ်ဆုံးအချိန်များထဲမှတစ်ခုဖြစ်သည်။ သုတေသီများ၏ခန့်မှန်းချက်အရ ကလေးငယ်၏ပထမ၁နှစ်တာကာလအတွင်းမိသားစု၏ကုန်ကျစရိတ်သည် ဒေါ်လာ၂၀,၀၀၀ခန့်အထိတိုးလာနိုင်ပြီး၊ တစ်ချိန် တည်းမှာပင်မိဘများစွာသည်လစာမဲ့ခွင့်ယူရခြင်းသို့မဟုတ် အလုပ်ချိန်လျော့ချရမှု ကြောင့်ဝင်ငွေကျဆင်းမှုများကိုလည်းကြုံတွေ့ရနိုင်ပါသည်။
နောက်ထပ်သီးခြားပစ်မှတ်ထားသောထောက်ပံ့ရေးအစီအစဉ်တစ်ခုဖန်တီးမည့် အစား၊RxKidsသည်ဆင်းရဲနွမ်းပါးမှုကိုဖြေရှင်းရန်လိုအပ်သည့်ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ်ရှုမြင်လာသည်။
“ကျန်းမာရေး၊မျှော်လင့်ချက်နဲ့အခွင့်အလမ်းတွေအတွက်ဒီလိုငွေကြေးထောက်ပံ့ပေးတဲ့အစီအစဉ်ဟာအတိုင်းအတာကြီးကြီးနဲ့အမှန်တကယ်ထိရောက်နေတယ်ဆိုတာကိုသိပ္ပံနည်းကျသောသုတေသနအထောက်အထားတွေကပြသနေပါတယ်” “ဒါဟာ ကျွန်မတို့အလေးအနက်ထားပြီးအာရုံစိုက်သင့်တဲ့အရာဖြစ်သလို၊ဒီလိုအကူအညီမျိုးကိုမိသားစုတွေပိုမိုများပြားစွာရရှိနိုင်အောင်လည်းလုပ်ဆောင်သင့်ပါတယ်။”ဟုHannaကပြောပါသည်။
ဤလေ့လာမှုတွင် အစီအစဉ်စတင်မလုပ်ဆောင်မီနှင့် လုပ်ဆောင်ပြီးနောက် Flint မြို့ရှိမွေးဖွားမှုရလဒ်များကိုမစ်ရှီဂန်ပြည်နယ်ရှိအလားတူအခြေအနေရှိသောအခြားလူမှုအသိုင်းအဝိုင်းများ၏မွေးဖွားမှုရလဒ်များနှင့်နှိုင်းယှဉ်လေ့လာခဲ့သည်။သုတေသီများတွေ့ရှိချက်အရRx Kids အစီအစဉ်သည် နှိုင်းယှဉ်ရန် ရွေးချယ်ထားသော မြို့များနှင့် နှိုင်းယှဉ်ပါက လမစေ့မီ မွေးဖွားမှုနှုန်းကို ရာခိုင်နှုန်းအမှတ် ၂.၇ အထိ လျော့ကျစေခြင်းနှင့် ကိုယ်အလေးချိန်နည်းပါးစွာ မွေးဖွားမှုနှုန်းကို ရာခိုင်နှုန်းအမှတ် ၄.၂ အထိ လျော့ကျစေခြင်းတို့နှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့သည်။(Rx Kids was associated with a 2.7 percentage-point reduction in preterm births and a 4.2 percentage-point reduction in low birthweight births relative to matched comparison cities.)ထို့အပြင်ဤအစီအစဉ်သည်မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်(NICU)သို့ တက်ရောက်ကုသရမှုလျော့နည်းခြင်း၊ ကိုယ်ဝန်ဆောင်စဉ်ဆေးလိပ်သောက်မှုလျော့နည်းခြင်းနှင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုဝန်ဆောင်မှုများကိုပိုမိုအသုံးပြုလာခြင်းတို့နှင့်လည်းဆက်စပ်နေကြောင်းတွေ့ရှိခဲ့ပါသည်။
Hannaကအဆိုပါရလဒ်များသည်အထူးသဖြင့်မှတ်သားဖွယ်ကောင်းကြောင်း ပြောကြားခဲ့သည်။ အကြောင်းမှာထိုကဲ့သို့သောမွေးဖွားမှုရလဒ်များသည်ယခင်ကာလများတွင်တိုးတက်ကောင်းမွန်လာအောင်ပြောင်းလဲရန်ခက်ခဲခဲ့ကြောင်းတွေ့ရှိထားသောကြောင့် ဖြစ်သည်။
“ဆယ်စုနှစ်များစွာကြာအောင်သုတေသီတွေကလမစေ့မီမွေးဖွားမှုများလျော့နည်းလာရန်၊သို့မဟုတ်မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်(NICU)ကို တက်ရောက်ကုသရမှုတွေလျော့နည်းလာ အောင်ကြိုးပမ်းလာခဲ့ကြပါတယ်”ဟုသူမကပြောသည်။“အခုဆိုရင်လူထုတစ်ရပ်လုံးအတိုင်းအတာနဲ့အကောင်အထည်ဖော်ပေးနေတဲ့ ရိုးရှင်းတဲ့ ကြားဝင်ဆောင်ရွက်မှုတစ်ခုက အမှန်တကယ် ထိရောက်တဲ့ ပြောင်းလဲမှုကို ဖြစ်ပေါ်စေနေတာကို တွေ့ရပါတယ်။”

ငွေကြေးကိုမည်သည့်နေရာတွင်အသုံးပြုကြသနည်း
တိုက်ရိုက်ငွေကြေးထောက်ပံ့သည့်အစီအစဉ်များကိုဝေဖန်သူများကထောက်ပံ့ငွေရရှိသူများသည် ထိုငွေကို တာဝန်ယူမှုရှိရှိနှင့် သင့်လျော်စွာ အသုံးပြုကြခြင်း ရှိ၊ မရှိကို မကြာခဏ မေးခွန်းထုတ် ခဲ့ကြ သည်။
RxKidsအစီအစဉ်ရှိသည့်လူမှုအသိုင်းအဝိုင်းများမှပါဝင်သူ ၂,၂၈၈ဦးထံကကောက်ယူရရှိထားသော စစ်တမ်းအချက်အလက်များကတော့မတူညီသောအခြေအနေတစ်ရပ်ကိုဖော်ပြနေပါသည်။မိသားစုအများစုကရရှိသည့်ငွေကြေးကိုမရှိမဖြစ်လိုအပ်သောအသုံးစရိတ်များအတွက်အသုံးပြုကြောင်းဖော်ပြခဲ့ကြသည်။(Families overwhelmingly reported using their payments for essential needs): ၇၄ ရာခိုင်နှုန်းကသေးခံအနှီး၊ရေစိုတစ်ရှူး(wipes)နှင့်ကလေးနို့မှုန့်(formula)ကဲ့သို့သော ကလေး အသုံးအဆောင်ပစ္စည်းများကိုဝယ်ယူရန်ငွေသုံးစွဲခဲ့ကြသည်။၅၉ရာခိုင်နှုန်းက အစားအသောက်အတွက်၊ ၃၇ ရာခိုင်နှုန်းက အိမ်စရိတ်နှင့် ၃၅ ရာခိုင်နှုန်းက ရေ၊မီး၊ဓာတ်ငွေ့စသည့် အခြေခံဝန်ဆောင်မှု စရိတ်များအတွက် ငွေသုံးစွဲခဲ့ကြသည်။ သုတေသီများတွေ့ရှိချက်အရဇိမ်ခံပစ္စည်းများသို့မဟုတ် မဖြစ်မနေမဟုတ်သော အသုံးစရိတ်များအတွက်ငွေသုံးစွဲမှုမှာလုံးဝနီးပါး မရှိခဲ့ပါ။
မိခင်များကိုမည်သည့်ပစ္စည်းများကိုအထူးတလည်ဝယ်ယူခဲ့ကြသည်ကိုမေးမြန်းခဲ့ရာတွင်သေးခံအနှီးများနှင့်အနှီးလဲလှယ်ရန်လိုအပ်သောပစ္စည်းများကထိပ်ဆုံးတွင်ရှိခဲ့ပြီး၊ထို့နောက်နို့ဘူးများ၊အဝတ်အစားများ၊ကလေးနို့မှုန့်များ၊ပရိဘောဂများနှင့် ကလေးကားထိုင်ခုံများကိုဝယ်ယူခဲ့ကြကြောင်း တွေ့ရှိရပါသည်။အစီအစဉ်တွင်ပါဝင်သူများ၏ကိုယ်တွေ့ပြောကြားချက်များကလည်းအဆိုပါ တွေ့ရှိချက်များနှင့် ကိုက်ညီကြောင်း ဖော်ပြခဲ့သည်။
Flintမြို့မှမိခင်တစ်ဦးကထောက်ပံ့ငွေများကြောင့်အိမ်သုံးလျှပ်စစ်မီး၊ရေ၊ဓာတ်ငွေ့စသည့် အခြေခံဝန်ဆောင်မှုများကို မပြတ်တောက်အောင် ထိန်းသိမ်းနိုင်ခဲ့သည့်အပြင် အနှီးများနှင့် အခြားမရှိမဖြစ်လိုအပ်သော ပစ္စည်းများကိုလည်း ဝယ်ယူနိုင်ခဲ့ကြောင်း ပြောပြခဲ့သည်။ အထက်ပိုင်းကျွန်းဆွယ်ဒေသမှအခြားမိဘတစ်ဦးကလည်းအဆိုပါငွေကြေးဖြင့်ဆေးဘက်ဆိုင်ရာချိန်းဆိုမှုများသို့သွားလာရန်ကုန်ကျစရိတ်များ၊အစားအသောက်များနှင့်ကလေးအတွက်မရှိမဖြစ်လိုအပ်သောပစ္စည်းများကိုဝယ်ယူနိုင်ခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် မိသားစု၏ ငွေကြေးဆိုင်ရာ ဖိအားများကို သိသိသာသာ လျော့ကျစေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
“မိသားစုများက ၎င်းတို့ရရှိသော Rx Kids ထောက်ပံ့ငွေကို မရှိမဖြစ်လိုအပ်သော ကုန်ကျစရိတ် အမျိုးမျိုးအတွက်အသုံးပြုနေကြကြောင်းဖော်ပြထားသည်”ဟု အစီရင်ခံစာကနိဂုံးချုပ်ထားပါသည်။ ထို့အပြင်မိမိတို့လိုအပ်သည့်နေရာတွင် လွတ်လပ်စွာအသုံးပြုနိုင်သောငွေကြေးထောက်ပံ့မှုသည် ဘဝ၏ငွေကြေးအရ အထိခိုက်လွယ်ဆုံးကာလများအနက်တစ်ခုဖြစ်သည့်ထိုကာလအတွင်း ငွေကြေးအကျပ်အတည်းများ မဖြစ်ပေါ်စေရန် ကာကွယ်ပေးနိုင်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ပိုမိုကျယ်ပြန့်သောစနစ်တစ်ခု၏အစိတ်အပိုင်းတစ်ခု
Mothering Justice အဖွဲ့၏အမှုဆောင်ဒါရိုက်တာ Danielle Atkinson က ဤအစီအစဉ်၏ အောင်မြင်မှုသည် ထောက်ခံအားပေးသူများက နှစ်ပေါင်းများစွာ တောင်းဆိုလာခဲ့သည့်အချက်တစ်ခုကို ပြသနေသည်ဟုပြောသည်။ထိုအချက်မှာ မိခင်များကိုတိုက်ရိုက်ထောက်ပံ့ပေးခြင်းသည်ကလေးများ၏ ဘဝနှင့်ဖွံ့ဖြိုး တိုးတက်မှုရလဒ်များကိုတိုက်ရိုက်တိုးတက်ကောင်းမွန်စေသည်ဆိုသည့် အချက် ဖြစ်သည်။“မိခင်တွေကိုယ်တိုင်ကအဓိကပြောင်းလဲမှုကိုဖန်တီးပေးနိုင်တဲ့သူတွေဖြစ်တယ်လို့ယုံကြည်ပါတယ်” ဟု Atkinson က ပြောသည်။ “မိခင်တွေနဲ့ သူတို့ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို ရင်းနှီးမြှုပ်နှံ ပေးမယ်ဆိုရင် မိခင်တွေကသာအဆင်ပြေ တိုးတက် လာတာမဟုတ်ဘဲ၊ သူတို့ရဲ့ကလေးတွေ၊ သူတို့နေထိုင်တဲ့အသိုင်းအဝိုင်းတွေနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးပါ တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။”
သို့သော်လည်းRxKidsအစီအစဉ်တစ်ခုတည်းကိုသာအားကိုးပြီးပြဿနာအားလုံးကို ဖြေရှင်းနိုင်မည့်နည်းလမ်းတစ်ခုအဖြစ်မမြင်သင့်ကြောင်းAtkinsonကသတိပေးထားပါသည်။
“ဒီအစီအစဉ်ကိုမိသားစုစောင့်ရှောက်ရေးအတွက် လိုအပ်တဲ့ အခြေခံစနစ်ကြီးထဲက အစိတ်အပိုင်းတစ်ခုအဖြစ်အမှန်တကယ်မြင်ဖို့လိုအပ်ပါတယ်” ဟုသူမကပြော သည်။ “Rx Kids အစီအစဉ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဒါဟာ လစာရရှိတဲ့ ခွင့်ရက်များ (paid leave)၊ လူတိုင်းလက်လှမ်းမီနိုင်တဲ့ကလေးစောင့်ရှောက်ရေး ဝန်ဆောင်မှုများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဝန်ဆောင်မှုများ၊အိမ်ရာဆိုင်ရာ မူဝါဒများနဲ့မိသားစုတွေကို ၄င်းထောက်ပံ့မှုအားလုံးကိုရယူအသုံးချနိုင်အောင် ကူညီပေးမယ့် စနစ်တွေ အပါအဝင် ကြားဝင်ဆောင်ရွက်မှု အမျိုးမျိုးပါဝင်တဲ့ စနစ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။”
သူမကတိုက်ရိုက်ငွေကြေးထောက်ပံ့ပေးခြင်းကမိဘတွေကိုမိမိတို့ရဲ့လိုအပ်ချက်အလိုက်ငွေကို လွတ်လပ်စွာ အသုံးပြုနိုင်တဲ့ လိုက်လျောညီထွေမှုကိုပေးစွမ်းကြောင်း ပြောသည်။ ထိုသို့လွတ်လပ်စွာအသုံးပြုနိုင်ခွင့်သည်ရိုးရာအကူအညီပေးရေးအစီအစဉ်များစွာတွင်မရရှိနိုင်သည့်အလွန်အရေးကြီးသောအားသာချက်တစ်ခုဖြစ်သည်။
“ငွေကြေးပိုင်းဆိုင်ရာလွတ်လပ်မှုရှိတဲ့အခါအသက်ရှူချောင်လာနိုင်ပါတယ်”ဟု Atkinsonက ပြောသည်။“ဒီနေ့ကားပျက်သွားမလားဆိုပြီးစိုးရိမ်နေမယ့် အစား ကိုယ့်ရဲ့အနာဂတ်အကြောင်းကို စဉ်းစားနိုင်ပါတယ်။”
Atkinson က ငွေကြေးကို မိမိလိုအပ်သလို လွတ်လပ်စွာ အသုံးပြုနိုင်ခြင်းကြောင့် မိသားစုတစ်စုနှင့်တစ်စု မတူညီသော လိုအပ်ချက်များအတွက် အသုံးချနိုင်ကြောင်း ရှင်းပြထားသည်။ ဥပမာအားဖြင့် မွေးဖွားချိန်တွင် ကူညီပေးမည့် doula တစ်ဦးကို ငှားရမ်းရန်၊ ကလေးစောင့်ရှောက်ခ ပေးရန်၊ ပျက်စီးသွားသော အိမ်သုံးလျှပ်စစ်ပစ္စည်းကို အစားထိုးရန် သို့မဟုတ် နေမကောင်းသော ကလေးကို ပြုစုစောင့်ရှောက်ရန်အလုပ်မှခွင့်ယူရန်အတွက်ငွေကိုအသုံးပြုနိုင်သည်။ ထိုကဲ့သို့ သောဆုံးဖြတ်ချက်များသည်မိသားစုတစ်စုနှင့်တစ်စုမတူညီကြသော်လည်းဒီလိုရွေးချယ်ခွင့်တွေကမိသားစု၏ဘဝတည်ငြိမ်မှုကို အထောက်အကူပြုသည်။
မီချီဂန်ပြည်နယ်အပြင်ဘက်သို့ချဲ့ထွင်ရန်မျှော်မှန်းခြင်း
Hanna ကမျှော်လင့်မထားခဲ့သည့် အကြီးမားဆုံး အံ့အားသင့်စရာများထဲမှ တစ်ခုမှာ ဤအစီအစဉ်တွင် ပါဝင်ရန်စိတ်အားထက်သန်နေကြသောလူမှုအသိုင်းအဝိုင်းများ၏ လိုအပ်ချက်နှင့်တောင်းဆိုမှုများ အလွန်များပြား နေခြင်းဖြစ်ကြောင်းပြောသည်။

“အခုဆိုရင်မစ်ရှီဂန်ပြည်နယ်အတွင်းကလူမှုအသိုင်းအဝိုင်း ၆၀ ခုနဲ့ ပြည်နယ်ပြင်ပက လူမှုအသိုင်းအဝိုင်း ၂ ခုမှာဒီအစီအစဉ်ကို လုပ်ဆောင်နေပါပြီ” ဟု သူမက ပြောသည်။ “အကြီးမားဆုံးသင်ခန်းစာကတော့ဒီအစီအစဉ်အပေါ်လူတွေအလွန်စိတ်အားထက်သန်ကြတာနဲ့မိသားစုတွေကိုယ်တိုင်ဒီလိုအထောက်အပံ့မျိုးကိုလိုလားတောင်းဆိုနေကြတာပါပဲ။”
လူမှုအသိုင်းအဝိုင်းအသစ်များကRxKidsအစီအစဉ်ကိုဆက်လက်စတင်အကောင်အထည်ဖော်နေကြသည့်အတွက်Hannaကတိုက်ရိုက်ငွေကြေးထောက်ပံ့မှုကအမှန်တကယ်ထိရောက်မှုရှိ၊ မရှိဆိုသည့် မေးခွန်းတစ်ခုတည်းအပေါ် ဆွေးနွေးခြင်းထက်၊ ထိုကဲ့သို့သောအစီအစဉ်ကိုမည်မျှကျယ်ပြန့်စွာ အကောင်အထည်ဖော်နိုင်မည်ဆိုသည့်အကြောင်းအရာဘက်သို့ဆွေးနွေးမှုများပြောင်းလဲသွားရန်မျှော်လင့် ကြောင်း ပြောသည်။
“ဒီအရှိန်အဟုန်ကိုဆက်လက်တည်ဆောက်ပြီးနေရာအနှံ့ကလူမှုအသိုင်းအဝိုင်းတွေမှာ ကလေးတွေပိုမိုအကျိုးခံစားနိုင်အောင်ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူမကပြောသည်။ “နောက်ဆုံးမှာ ကလေးတစ်ဦးချင်းစီတိုင်းအတွက် ဒီအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရေး အကြောင်းကိုနိုင်ငံအဆင့်မှာဆွေးနွေးလာနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိစေချင်ပါတယ်။”
Atkinson အတွက်မူ လက်ရှိရရှိထားသော အထောက်အထားများက ရှင်းလင်းသော ဦးတည်ချက်တစ်ခုကိုပြသနေပြီဖြစ်သည်။“စမ်းသပ်အစီအစဉ်တွေ (pilot programs) အဆင့်မှာပဲ ရပ်မနေသင့်တော့ပါဘူး” ဟု သူမကပြောသည်။“ကျွန်မတို့သတ္တိရှိဖို့လိုပါတယ်။အချက်အလက်တွေနဲ့ စောင့်ရှောက်ပေးနေသူတွေနဲ့မိခင်တွေရဲ့တောင်းဆိုသံတွေကိုအာရုံစိုက်ပြီး ဆက်လက် လုပ်ဆောင်ဖို့ လိုပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအစီအစဉ်ကလူတိုင်းအတွက်အလွန်ကောင်းမွန်တဲ့ရလဒ်တွေကိုဖြစ်ပေါ်စေနိုင်တာကိုကျွန်မတို့မြင်နေရလို့ပါပဲ။”
Photos by Tommy Allen.
Photo of Dr. Mona Hanna courtesy subject.
Danielle Atkinson photo by Nick Hagen.
ဤစီးရီးသည် ကလေးသူငယ်များအတွက် အစောပိုင်းပညာရေးဆိုင်ရာ အခွင့်အလမ်းများကို ပိုမိုဖန်တီးရန် မစ်ရှီဂန်အတွင်း နေထိုင်သူများမှ အတူတကွလက်တွဲ လုပ်ဆောင်နေကြပုံကို မျှဝေပေးထားပါသည်။ ဤ အစီအစဉ်အား W.K. Kellogg Foundation မှ ထောက်ပံ့ပေးသော ရန်ပုံငွေအားဖြင့် ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည် ။